Thursday, January 12, 2012

List of kisses I miss

မင်းနဲ့ချစ်သူဖြစ်ကတည်းက မင်းကိုကိုယ်နမ်းဖို့ကြိုးစားခဲ့တာ (၃၈၈)ကြိမ်တိုင်တိုင်ရှိခဲ့ပါပြီကွယ်။ ဒါပေမယ့် မင်းကိုကိုယ်(၂၅)ကြိမ်ပဲနမ်းခွင့်ကြုံခဲ့တယ်။ အောက်မှာက ကိုယ်ဘာကြောင့်ဒီအခွင့်အရေးတွေကို လက်လွတ်သွားခဲ့လည်းဆိုတာ List လေးလုပ်ထားတာပါ။

ချိန်းတာနောက်ကျပြီးမှရောက်လာလို့ဆိုပြီး မင်းကနမ်းခွင့်ကိုစိတ်ဆိုးဆိုးနဲ့ မပေးခဲ့တာ (၂၀)ကြိမ်
အိမ်နဲ့အဆင်မပြေလို့စိတ်ညစ်တယ်ဆိုလို့ ပေးမယ့်အနမ်းတွေ မပေးလိုက်ရတာ (၅၂)ကြိမ်
ကျုရှင်ကစာတွေခက်လို့ဆိုပြီး စာတွေခိုးခိုးကျက်နေလို့ မနမ်းဖြစ်ခဲ့တာ ( ၁၅)ကြိမ်
ကိုယ်တို့ရှေ့ကအတွဲက သိပ်ကဲလို့ ရှက်တယ် မလုပ်နဲ့မလုပ်နဲ့ဆိုပြီးငြင်းဆန်ခဲ့တာ (၂၇)ကြိမ်
ခေါင်းမူးတယ် နေမကောင်းဘူးဆိုလို့ အံကြိတ်နေခဲ့ရတာ ( ၁၃)ကြိမ်
ဝက်ခြံပေါက်နေတာ မေ့ပါးလေးကိုကြည့်ပါအုံး စိတ်ညစ်လိုက်တာလို့ ခဏခဏပြောနေလို့ မင်းပါးပဲကြည့်ပြီး အိမ်ပြန်ခဲ့ရတာ ( ၁၂)ကြိမ်
နှစ်ယောက်သား ၀က်သားတုတ်ထိုးစားပြီး ဆီတွေပေနေတာ သုတ်စရာမရှိလို့ဆိုပြီးမင်းအကြောင်းပြခဲ့တာ ( ၂၂)ကြိမ်
ဘေးမှာလူတွေရှိတယ် ဆိုပြီးမင်းလက်ညိုးတွေပဲထိုးထိုးပြနေတာ ( ၂၁ )ကြိမ်
အကို့သူငယ်ချင်းတွေဒီနားမှာရှိနေတတ်တယ် သိပ်မကဲနဲ့ဆိုလို့ သက်ပြင်းတွေချနေရတာ (၂၅)ကြိမ်
ထမင်းချိုင့်နဲ့လူကြီးချောင်းကြည့်နေတာ မြင်လို့ ခပ်ရှက်ရှက်နဲ့နေခဲ့ရတာ ( ၆ )ကြိမ်
ဟာသရုပ်ရှင်ကြည့်နေရင်းနဲ့ အရမ်းရယ်ရတယ်လို့ မင်းပြော ပြောနေလို့ လိုက်ရယ်နေပေးရတာနဲ့ နမ်းဖို့မေ့မေ့သွားတာ ( ၈)ကြိမ်
ဒီနေ့စိတ်မပါဘူး မနမ်းချင်ဘူးဆိုလို့ ဟိုလိုလို သည်လိုလိုလုပ်နေရတာ (၁၆ )ကြိမ်
နုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေ ရှည်နေလို့ မင်းစိတ်ကောက်ခဲ့တာ ( ၂၉)ကြိမ်
မနေ့ညက ရုပ်ရှင်ကားကောင်းနေလို့ သွားမတိုက်လိုက်ရဘူး မနမ်းချင်ပါနဲ့တော့နော်ဆိုလို့ နှာခေါင်းပိတ်နေလိုက်တာ (၂၀ )ကြိမ်
အတူတူသွားနေရင်းနဲ့ အလစ်မှာစီးကရက်သောက်တာမိသွားလို့ ဆေးလိပ်စော်နံတယ် အနားကပ်မလာနဲ့ဆိုလို့ ခပ်ဝေးဝေးကပဲ ကြည့်ဆွေးနေရတာ (၁၇ )ကြိမ်
နှစ်ယောက်သားလျှောက်သွားရင်းနဲ့ ပြန်လိုက်အပို့ မင်းအခန်းတက်ရတဲ့လှေကားမှာ လူရှုပ်လို့ပြန်တော့နော်ဆိုလို့ အောင်ဖျာလိပ်ခဲ့ရတာ (၃၅ )ကြိမ်
မင်းဆံပင်အသစ်ညှပ်လာလို့ ခဏခဏမှန်ကြည့်နေတာနဲ့ အလုပ်မဖြစ်လိုက်တာ (၁၅ )ကြိမ်

အထက်ပါအကြောင်းအရာတွေကြောင့် မင်းကိုကိုယ် (၃၂)ပဲအောင်အောင်မြင်မြင်နမ်းနိုင်ခဲ့တာပါ။ ဒါတောင်ကိုယ်သိပ်ပြီးကျေနပ်ခဲ့ရတာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နမ်းခဲ့တဲ့(၃၂)ကြိမ်မှာ တောင် (၈)ကြိမ်က မင်းမျက်နှာကိုရှုံ့မဲ့ထားတယ်၊ (၉)ကြိမ်က မျက်လုံးဖွင့်ပြီးတော့ ဟိုကြည့်သည်ကြည့်လုပ်နေတယ်၊ (၁၃)ကြိမ်ကကျတော့ ဘယ်လိုမှန်းလဲမသိဘူး ယားကျိကျိနဲ့ဆိုပြီး မထိန်းနိုင်မသိမ်းနိုင် မင်းတခွိခွိနဲ့ရယ်နေတယ်၊ နောက်ဆုံး(၅)ကြိမ်မှာတော့ မင်းက လက်ဝှေ့ပွဲက ဒိုင်လူကြီးလို တစ်နှစ်သုံးလေးကို လက်ချိုးပြီးရေနေတယ်လေ။
ကျေးဇူးတင်ပါတယ်
သင့်ရဲ့ချစ်သူ

No comments:

Post a Comment